Friday, January 6, 2017

ကျားရွာ - မြင်းကသာ ကျေးရွာချင်းဆက်လမ်းပေါ်၌ ကွန်ကရစ်တံတား (၅) စင်းဆောက်လုပ်

ရွှေဘို ဇန်န၀ါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် တံတားတစ်စင်းလျှင် ခွင့်ပြုရန်ပုံငွေကျပ် (၄) သန်းနှုန်းဖြင့် ကျားရွာ - မြင်းကသာ ကျေးရွာ ချင်းဆက် လမ်းပေါ်၌ အရှည် (၅) ပေ၊ အကျယ် (၂၀) ပေ၊ ကွန်ကရစ် တံတား (၅) စင်းကို ဆောက်လုပ်လျက်ရှိသည်။

အဆိုပါတံတား (၅) စင်း ဆောက်လုပ်နေမှုကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမြင့်နှင့် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဝင်းမြတ်သိန်းတို့ အဖွဲ့က ဇန်န၀ါရီလ ၅ ရက်နေ့က သွားရောက် ကြည့်ရှုခဲ့သည်။
ကျားရွာ - မြင်းကသာ ကျေးရွာချင်းဆက်လမ်းပေါ်၌ ယခင်က ရေထုတ်ပြွန်များသာ ရှိရာ မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်ပြီး လမ်းပေါ်ရေကျော်ခြင်း မရှိရန်အတွက် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment