Monday, December 5, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ တွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ နှစ်ဘက် အသိုက်အ၀န်းအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ၏ အရေးပါမှု၊ မမှန်ကန် သည့် ကောလာဟသ သတင်းများအပေါ် မှန်ကန်စွာ တုံ့ပြန်၍ ပွင့်လင်းမြင် သာစွာ သတင်းထုတ်ပြန်ရန် အရေးကြီးမှု၊ နှစ်ဘက် အသိုက်အ၀န်းအကြား အပြန်အလှန် ထိတွေ့ ဆက်ဆံမှုများမှ တစ်ဆင့် နားလည်မှုနှင့် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်သွားရန် လိုအပ်မှု၊ ရခိုင်ပြည်နယ်အတွင်း စီးပွားရေး အလားအလာကောင်းများ၊ ပိုမို ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် ပြည်သူ များ၏ လူမှုစီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေး ၀မ်းကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းများ တိုးမြှင့်ဖွင့်လှစ်သွားနိုင်မည့် အလားအလာများ ဖော်ထုတ်သွားရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ အခွင့်အရေးများ ရရှိရေးနှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့် အတူ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


No comments:

Post a Comment