Thursday, December 15, 2016

KIA / MNDAA / TNLA / AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ အဖျက်လုပ်ငန်းများလုပ်ဆောင်





နေပြည်တော် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မှ လားရှိုးသို့ ပြန်လာသည့် တပ်မတော်ရိက္ခာပို့ ယာဉ်တန်းအား လားရှိုး၊ သိန်းနီ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၁၉၆/ ၇ အနီး စံလောင်းကျေးရွာနှင့် နားဆော့ကျေးရွာအကြားတွင် ဒီဇင်ဘာ ၁၄ ရက် ညနေ ၆နာရီ ၁၅ မိနစ်၌ KIA/ MNDAA/ TNLA/ AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်တန်းကြားတွင်လိုက်ပါလာသည့် Nissan ၆ ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း နိုင်ထွန်းသေဆုံးခဲ့ပြီး တပ်မတော်သားတစ်ဦး ကျဆုံးခဲ့ သည်။
မိုင်းထောင်ဖောက်ခွဲခဲ့သည့် လက်နက်ကိုင်အဖွဲ့အား တပ်မတော်စစ်ကြောင်း များ က လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လားရှိုးမြို့သို့ ထွက်ခွာလာသော တပ်မတော်ယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကွတ်ခိုင်မြို့နယ် ရူခင်းသာရွာအနီး မိုင်တိုင် ၂၃၃/၁-၂ ကြား၌် KIA လက်နက်ကိုင် အဖွဲ့က အာရ်ပီဂျီ/ ၄၀ မမ/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ရှင်းလင်းရာ အဆိုပါအဖွဲ့သည် မြောက်ဘက် သို့ ဆုတ်ခွာထွက်ပြေးသွားကြသည်။
လက်နက်ကိုင်များ၏ပစ်ခတ်မှုကြောင့် တပ်မတော်ပိုင် မော်တော်ယာဉ် ၁ စီး ရှေ့ဘီးပေါက်ပြီး အင်ဂျင်အဖုံး လက်နက်ငယ် ထိမှန်ပျက်စီးကာ ယာဉ်တန်းကြားတွင် လိုက်ပါလာသော ၂၂ ဘီးယာဉ်မှ ယာဉ်မောင်း ဦးသန်းဌေးဦးနှင့် ယာဉ်နောက်လိုက် ဦးမင်းမင်းအောင်တို့သည် ဝဲဘက်ခြေဖမိုး၊ ဝဲယာ လက်မောင်းတို့တွင် လက်နက်ငယ် ကျည်ရှပ်မှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၀ ရက် ည ၇ နာရီက TNLA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာသား (၂၁) ဦး အနက် ဦးငြိမ်းပါ (၁၃) ဦးသည် ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီတွင် ပန်ကွမ်ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၀ ရက်က ရွာသား(၂၁) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားစဉ် ပန်ကွမ် ရွာသား အောင်မြင့်စိုးအား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့၍ ထိုနေ့က ဖမ်းဆီးခံရသူ (၂၂) ဦးဖြစ်ပြီး (၁၃) ဦး ပြန်လည်လွတ်မြောက်ခဲ့ကာ ကျန် (၉) ဦး အား TNLA လက်နက်ကိုင်အဖွဲ့က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment