Monday, December 26, 2016

ရေနံချောင်းမြို့တပင်ရွှေထီးရပ်ကွက်တွင် CSR ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်

ရေနံချောင်း ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တပင်ရွှေထီးရပ်ကွက်တွင် ဒီဇင်ဘာ ၂၆ ရက်က ရေနံချောင်း ရေနံမြေနှင့် Goldpetrol ကုမ္ပဏီတို့ ပူးပေါင်း၍ လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် ကူညီပံ့ပိုးသော ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရေနံချောင်းရေနံမြေနှင့် Goldpetrol ကုမ္ပဏီတို့ပူးပေါင်း၍ လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် လုပ်ငန်းကဏ္ဍကြီး (၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ယခုလမ်းသည် အပါအ၀င် ဖြစ်ကြောင်း၊ အခြား ကျန်းမာရေး၊ ပညာရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စ များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း အထွေထွေမန်နေဂျာ ဦးမြင့်ကျော်က ရှင်းလင်းဆွေးနွေးခဲ့သည်။
ရေနံချောင်းမြို့နယ်တွင်  CSR လုပ်ငန်းများအနေဖြင့် ငွေကျပ်သိန်းပေါင်း (၂၃၄၃)သိန်းဖြင့်လျာထား၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသာချို၊ ရေနံချောင်းရေနံမြေ အထွေထွေမန်နေဂျာ ဦးမြင့်ကျော် နှင့် မြို့မိမြို့ဖ ဦးသန်းမြင့်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါလမ်းမှာ ပေ ၄၅၀ ပေအရှည်ရှိပြီး  Global Green Future ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကာ ကုန်ကျငွေ ၇၄ သိန်းကျော်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ရပ်ကွက်လမ်းက ကျွန်တော့်အသက်နဲ့အမျှ မြေသားလမ်းပါ။ မိုးတွင်းဆိုရင် သွားရလာရ အရမ်းခက်ခဲခဲ့တာ အခုလိုဖြစ်လာမယ်လို့ မမျှော်လင့်မိဘူး၊ အခုလိုဆိုတော့ ရာသီမရွေး သွားလာဖို့ လွယ်ကူ သွားတယ်။ လမ်းရေရှည် ကောင်းမွန်အောင် ကျွန်တော်တို့ ရပ်ကွက်သူ/သား တွေက ထိန်းသိမ်းသွားပါမည်" ဟု ရပ်ကွက်ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment