Thursday, December 29, 2016

မိုးလဲဒေသမူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေး ဟောပြောပွဲကျင်းပ

ဗန်းမော် ဒီဇင်ဘာ ၂၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကြီးမှူး၍ မိုးလဲဒေသ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး ဟောပြောပွဲကို မံသဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုနာယက ဦးခိုပေါင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းထွန်းနှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောခဲ့သည်။
အဆိုပါ မိုးလဲဒေသမူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးဟောပြောပွဲများကို ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် တာဆိုင်ကျေးရွာနှင့် တိန်းဘုရားကျေးရွာတို့တွင် ဆက်လက်ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment