မုံရွာ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာမြို့တွင် လျှပ်စစ်ဓာတ်အားကို အန္တရာယ် ကင်းရှင်းရေး သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းနှင့်
လျှပ်စစ်ဗို့လ်အားကို ပြည့်မီစွာအသုံးပြုနိုင်ရန်အတွက် လက်ရှိအသုံးပြုလျက်ရှိသော ၃၃/ကေဗွီ
အေ(၁ဝ) အမ်ဗွီအေ ထရန်စဖော်မာနေရာတွင် ၃၃/ကေဗွီအေ(၂ဝ)အမ်ဗွီအေထရန်စဖော်မာအား တိုးမြှင့်
တပ်ဆင် အသုံးပြုနေပြီဖြစ်ကြောင်း မုံရွာမြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ
သိရသည်။
'' မုံရွာမြို့မှာက
စက်မှုဇုန်တွေရော တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်ငန်းတွေ၊ နောက်ပြီး လျှပ်စစ်မီး သုံးစွဲတဲ့
အိမ်ထောင်စုတွေက တစ်နှစ်ထက်တစ်နှစ်များလာတဲ့အတွက် လက်ရှိထရန်စဖော်မာနဲ့က မနိုင်တော့
တဲ့အတွက် သူထက်အားပိုမိုပို့လွှတ်နိုင်တဲ့ ထရန်စဖော်မာကို ပြောင်းလဲတပ်ဆင်ပြီး အသုံးပြုသွားမှာပါ၊
ဓာတ်ကြိုးသွယ်တန်းတဲ့ လမ်းတစ်လျောက်က မလွတ်ကင်းတဲ့ သစ်ကိုင်းတွေကိုလည်း ရှင်းလင်းပြီးပါပြီ၊
ဟောင်းနွမ်းသက်တမ်းကုန်နေတဲ့ လိုင်းကြိုးတွေလည်း ပြောင်းလဲတပ်ဆင်ပြီးပြီဖြစ်တဲ့အတွက်လျှပ်စစ်ဓာတ်အား
ကိုအပြည့်အဝအသုံးပြုနိုင်မှာပါ ''ဟု မုံရွာမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက
ပြောသည်။
မုံရွာမြို့ပေါ်တွင်
ယခင်ကတပ်ဆင်အသုံးပြုသူလျှက်ရှိသော ၃၃/ကေဗွီအေ (၁ဝ) အမ်ဗွီအေထရန်စဖော်မာမှ ပို့လွှတ်သည့်
လျှပ်စစ်ဓာတ်အားသည် လျှပ်စစ်ဓာတ်အားအသုံးပြုမှု ဦးရေများပြားလာသဖြင့်မီးပြတ် တောက်မှုများ
မကြာခဏဖြစ်ပေါ်လျက် ရှိသဖြင့် လျှပ်စစ်ဓာတ်အား တိုးတက်အသုံးပြုလာသည့် ဦးရေနှင့်ကိုက်ညီ
စေရန်အတွက် ၃၃/ ကေဗွီအေ (၂ဝ) အမ်ဗွီအေ ထရန်စဖော်မာအား ယခုလ (၁ဝ) ရက်နေ့တွင်တပ်ဆင်ပြီးစီးပြီး
စတင်အသုံးပြု လျက်ရှိကြောင်း သိရသည်။
မင်းဝေ(မုံရွာ)
No comments:
Post a Comment