ယင်းမာပင် ဒီဇင်ဘာ
၂၂
ယင်းမာပင်ခရိုင်
ယင်းမာပင်မြို့ရှိ ကျောင်းသား/ကျောင်းသူဟောင်းများ စုပေါင်း၍ စတုတ္ထအကြိမ်
မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ နှင့် ၂၅ ရက်နေ့များတွင်
ယင်းမာပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
မြတ်ဆရာပူဇော်ပွဲ
အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှစ၍ အပျော်တမ်း
ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသင်း
(၁၄) သင်းက ပါဝင်ယှဉ်ပြိုင် ကစားလျက်ရှိသည်။
၎င်းအပြင် မြတ်ဆရာပူဇော်ပွဲ
အထိမ်းအမှတ် စာပေဟောပြောပွဲကိုလည်း စာရေးဆရာမကြီး ဂျူး နှင့်
စာရေးဆရာကြီး အော်ပီကျယ်တို့က ဒီဇင်ဘာ ၂၄ ရက် ည (၇) နာရီ အချိန်တွင်
ယင်းမာပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဇွဲမာန်ခန်းမ၌ ဟောပြောကြမည်ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment