Friday, December 2, 2016

ပြင်သစ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း (၅၅)နှစ်မြောက်အထိမ်းအမှတ် မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ဖွင့်ပွဲကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြား


ရန်ကုန်- ဒီဇင်ဘာ ၂
မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ကာလရှည်ကြာမိတ်ဖက်နိုင်ငံများ ဖြစ်ကြောင်း၊  နှစ်နိုင်ငံရှိ ပြည်သူများ ကြားတွင်လည်း ကာလကြာရှည်စွာ မိတ်ဆွေများအဖြစ် ရပ်တည်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး တစ်လအကြာ ၁၉၄၈
 


 
ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင် နိုင်ခဲ့ကြောင်း၊ မြန်မာပြည်သူများ သည် လည်း ပြင်သစ် ပြည် သူများနည်းတူ ရှေးယခင်ကတည်းကတည်ရှိခဲ့သည့် မိတ်ဖက် ဆက်ဆံရေးကို အစဉ်အမြဲ တန်ဖိုးထား ပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ပြောကြားသည်။
ပြင်သစ်-မြန်မာယဉ်ကျေးမှုဖလှယ်ခြင်း (၅၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ်  ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ဝါးတန်း ဆိပ်ကမ်း၌ကျင်းပသည့်  မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ က ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယသမ္မတ က အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Mr. Jean-Marc Ayrault မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက် ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ကြိုးစား လုပ်ဆောင်နေသည်များကို ပြင်သစ် နိုင်ငံအနေဖြင့် အကူအညီများပေးသွား မည်ဟုပြောကြားခဲ့ပါကြောင်း၊ ယဉ်ကျေးမှု အပါအဝင် နယ်ပယ်အသီးသီးတွင် ပြင်သစ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးတက်နေ သည်ကို မိမိအနေဖြင့် ဝမ်းမြောက်မိပါကြောင်း။
ယနေ့ကျင်းပသည့် ပွဲတော်သည်လည်း ပြင်သစ်-မြန်မာ နှစ်နိုင်ငံအကြားယဉ်ကျေးမှု ခိုင်မာစွာချည်နှောင်သည်ကို ပြသနေခြင်းဖြစ်ပါကြောင်း၊ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံ တကာအဆင့်မီ အနုပညာမျိုးစုံပါဝင်သည့် ပွဲတော်တစ်ခုဖြစ်ပြီး  ပြင်သစ်နှင့် မြန်မာအနုပညာ ဖလှယ်ရာတစ်ခုတည်းသော စင်မြင့်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြင်သစ်- မြန်မာယဉ်ကျေးမှု  ဖလှယ်ရေး (၅၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ယနေ့ပွဲတော်သည် အဓိပ္ပါယ်ပြည့်ဝသည်ဟု ယုံကြည်ပါကြောင်း၊ တည်ရှိပြီးဖြစ်သည့် ပေါင်းသင်း ဆက်နွယ်မှုများ သည်လည်း လာမည့်နှစ်များတွင် ပိုမိုခိုင်မာအားကောင်းလာမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့အတူ ဒုတိယသမ္မတက  ပြင်သစ်နိုင်ငံနှင့် ဆက်လက်၍ ပိုမိုနီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း၊ ထို့ပြင် စီးပွားရေး၊ ယဉ်ကျေးမှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ် များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေး များလည်း ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြင်သစ်-မြန်မာနှစ်နိုင်ငံအကြားနယ်ပယ် ကဏ္ဍစုံအသီးသီးတွင် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာအောင် ကြိုးပမ်းအားထုတ် ပေးနေသည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကို လည်းကျေးဇူးတင်ကြောင်းပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Olivier Richard က အမှာစကားပြောကြားသည်။
ယင်းနောက် မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးအုန်းမောင်၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဦးကျော်မျိုး ၊ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Gautier MIGMOT နှင့်မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Olivier Richard  တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ကို  မြို့၏အချက်အခြာကျသောနေရာများ၌ အနုပညာနှင့် ကဗျာဆန်ဆန် တင်ဆက်မှုများကိုပြုလုပ်၍ မြို့သူမြို့သားများထံ ၎င်းတို့မြို့ကို ပြန်လည် ဆောင်ကျဉ်းပေးခြင်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၏ အရေးကြီးသောအချက်ဖြစ်သည့်  ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများနှင့် နိုင်ငံခြားကမ္ဘာလှည့်ခရီးသွားများ  ဖိတ်ခေါ်၍  နိုင်ငံ၏ စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း၊   မြို့ပြနှင့်ပတ်သက်သော သတိရှိ သင့်သည့် အကြောင်းအရာများ အပါအဝင် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာပါယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဒလဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ မဟာဗန္ဓုလပန်းခြံ၊ မြေနီကုန်း ခုံးကျော်တံတားနှင့် ပြည်သူ့ရင်ပြင်တို့၌ ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း L'Homme Debout အဖွဲ့က ဖန်တီးသော အမြင့်ပေ၂၀ ဝန်းကျင်ရှိ ဝါးဖြင့်ယက် လုပ်ထား သောရုပ်သေးရုပ်ကြီးနှစ်ခုကို  ရန်ကုန်မြို့အတွင်း မြို့သူမြို့သားများ ခြံရံ၍စီတန်း လှည့်လည် သရုပ်ပြသသွား မည်ဖြစ်ကြောင်းသိရသည်။ 
ထို့ပြင် လှည့်လည်ပွဲ တစ်လျှောက် ပြင်သစ်-မြန်မာ အနုပညာရှင် ၁၀၀ ကျော်က ဆပ်ကပ်နှင့် တေးဂီတပွဲများ၊ အနုပညာတင်ဆက်မှုများ၊  video mapping၊ စသည့် ဖျော်ဖြေ မှုများပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် မြို့တော်ခန်းမနှင့် ပြည်သူ့ ရင်ပြင်တို့၌ အနုပညာတင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဒီဇင်ဘာ ၄ ရက်တွင် ပြည်သူ့ရင်ပြင်၌ မီးရှူး မီးပန်းများ ပစ်ဖောက်ကာ  ပိတ်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်သည်။
မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Gautier MIGMOT၊ မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Olivier Richard၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များနှင့် သံတမန်များ၊  ဖိတ်ကြားထားသူများနှင့် ပြည်သူများတက်ရောက်ကြသည်။
 (သတင်းစဉ်)

No comments:

Post a Comment