Friday, December 30, 2016

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဒီဇင်ဘာ ၃၀ ရက်
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ သံအမတ်ကြီး H.E.Mr. SAHAL MOUSTAFA AHMED ERGESOUS အား ယနေ့ နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆော်ဒီနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာ လွှတ်တော် ပါလီမန်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment