Saturday, December 10, 2016

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ပွဲတော်ကျင်းပရေး အစည်းအဝေးကျင်းပ


ရန်ကုန် - ဒီဇင်ဘာ ၁၀
မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်ကျင်းပရေး အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော် အထိမ်းအမှတ် ရုပ်ရှင် ဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများ ရိုက်ကူးပြသနိုင်ရေးနှင့်စပ်လျဉ်း၍ ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင် များ၊ အတတ်ပညာရှင်များ၊ ဒါရိုက်တာများ၊ ဇာတ်ညွှန်းဆရာများ၊ ရုပ်ရှင်ရုံပိုင်ရှင်များနှင့် တာဝန်ရှိသူများက မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်အတွက် ရုပ်ရှင် ဇာတ်ကားကြီး ခုနစ်ကားနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ရိုက်ကူးရေး၊ မြန်မာ နိုင်ငံရှိ ရုပ်ရှင်ရုံများ၌ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ရုပ်ရှင်ပြသ နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် ရုပ်ရှင်နှင့်ဗွီဒီယိုဆင်ဆာအဖွဲ့မှ တာဝန်ရှိသူများက ဆင်ဆာအဖွဲ့၏ လက်ရှိ ဆောင်ရွက်နေမှုအခြေ အနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက ဆင်ဆာနှင့် ပတ်သက်၍ ဆောင်ရွက်ရသည့် အခက်အခဲများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment