နေပြည်တော်
ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်
ဘူးသီးတောင် မြို့နယ် ဖုံညိုလိပ် ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက
မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူနှစ်ဦး သေဆုံးကာ လူနေအိမ်နှင့် ဆိုင်ခန်းများ
မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၊
ဖုံညိုလိပ် ကျေးရွာနေ ခေါ်ဘီအာမတ် (ဘ) မာတာဆောင်း၏ နေအိမ်၌ ယမန်နေ့ နံနက် ၂
နာရီခွဲခန့်က မီးဖိုချောင်ရှိ မီးကြွင်း မီးကျန်မှတဆင့် မီးစတင် လောင်ကျွမ်းခဲ့ပြီး
ရွာသူ/ ရွာသားများက ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း
သိရသည်။
အဆိုပါ မီးလောင်မှုကြောင့်
လူနှစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၈ လုံးနှင့် ဆိုင်ခန်း ၉ ခန်း တန်ဖိုးငွေကျပ်
သိန်း ၂၀ ခန့် မီးလောင် ဆုံးရှုံးခဲ့သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ခေါ်ဘီအာမတ်အား
ဖုံညိုလိပ် ရဲစခန်းမှ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)


No comments:
Post a Comment