Sunday, December 18, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့ သီပေါမင်း နတ်ပြည်စံသက်နှစ် (၁၀၀) ပြည့် အလှူအခမ်းအနား တက်ရောက်ပြီး အိန္ဒိယသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ


ရန်ကုန် ဒီဇင်ဘာ ၁၈
အိန္ဒိယသမ္မတနိုင်ငံ ရတနာဂီရိမြို့၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းဆက် သီပေါမင်းနတ်ပြည်စံသက် နှစ် (၁၀၀) ပြည့် အလှူအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် လေကြောင်းခရီး ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment