Monday, December 5, 2016

နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု သင်တန်းကျောင်း (၄/၂၀၁၆) သင်တန်း ဖွင့်ပွဲ အခမ်းအနား

ကျောက်ဖြူ      ဒီဇင်ဘာလ (၅)ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင်ကျေးရွာအနီးရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်း (ကျောက်ဖြူ) တွင် ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင်  ကျင်းပပြုလုပ်သော လက်သမား၊ ပန်းရံ၊ သံချည်သံကွေး၊ စက်ပြင်နှင့် လျှပ်စစ်သင်တန်း အမှတ်စဉ်(၄/၂၀၁၆) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ၊ ကျောက်ဖြူမြို့နယ်ရှိ ပြည်သူတွေရဲ့ သားသမီးလူငယ်တွေကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းပညာတွေ တတ်မြောက်စေဖို့ ရည်ရွယ်ပြီး ဒေသတွင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေ ကြတဲ့ လက်သမား၊ ပန်းရံ၊ သံချည်သံကွေး ပညာရပ်၊ ဆိုင်ကယ်နဲ့ တစ်လုံးထိုးဒီဇယ်၊ ဓါတ်ဆီအင်ဂျင်တွေကိုပြု ပြင်တဲ့အတတ်ပညာ၊ လျှပ်စစ်၊ ဂဟေပညာရပ်နှင့် အိမ်တွင်း ၀ါယာရိမ်းလိုက် အတတ်ပညာတွေကို သင်ကြားပေးမှာ ဖြစ်တဲ့အတွက် သင်တန်းတက်ရောက်သော သင်တန်းသားများက စိတ်ဝင်စားစွာ သင်ကြားလေ့လာရန်၊ သင်ကြားသောပညာရပ်များဟာ လက်ရှိမိမိတို့ဒေသ/ ကျေးရွာများမှ မဖြစ်မနေ အသုံးပြုနေရသောကြောင့်၊ ဒီပညာရပ်တွေနဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ထူထောင်လုပ်ကိုင်နိုင်သော ပညာရပ်များ ဖြစ်ကြောင်း၊ သင်တန်းသား အနေဖြင့် နိုင်ငံတော်က အချိန်နဲ့ ငွေကြေးအကုန်အကျခံပြီး၊သင်ကြားပို့ချတဲ့ပညာ ရပ်တွေနဲ့မိမိဘ၀ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ဆောင်ရွက်ရင်း မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှာ တစ်တပ်တစ်အားပါဝင် ကူညီဆောင်ရွက်ကြပါလို့ ပြောကြားခဲ့ပါသည်။ အဆိုပါအသင်တန်းအား သင်တန်းသား(၆၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။


ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment