နေပြည်တော် ဒီဇင်ဘာ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ ဇနီး ဒေါ်စုစုလွင်နှင့် မိသားစုတို့အား မြန်မာနိုင်ငံ
ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (ရန်ကုန်)
ခ၀ဲခြံမျက်မမြင်ကျောင်းမှ ၀န်ထမ်းများနှင့် ကျောင်းသား/သူများက ယနေ့ ညနေ (၄) နာရီတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ်တော် မွေးနေ့ အကြိုအဖြစ် လာရောက် ဆုတောင်း
ကောင်းချီးပေးကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ
ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (ရန်ကုန်)
ခ၀ဲခြံ မျက်မမြင်ကျောင်းမှ ၀န်ထမ်းများနှင့် ကျောင်းသား/သူများက နိုင်ငံတော်သမ္မတ ၊
ဇနီး နှင့်မိသားစုတို့အား နှုတ်ခွန်းဆက်သကြပြီး ခရစ်တော်မွေးနေ့အကြို ဓမ္မတေးသီချင်းများကို
သီဆိုကြသည်။
ထို့နောက် ဓမ္မဆရာ
ဦးမောင်မောင်လှက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်သမ္မတတို့အတွက်
မေတ္တာပို့ ဆုတောင်း ကောင်းချီးပေးသည်။
ဆုတောင်းပွဲတွင် မြန်မာနိုင်ငံ
ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (ရန်ကုန်)
ခ၀ဲခြံမျက်မမြင်ကျောင်း ၊ အထွေထွေ အတွင်းရေးမှူးရုံးမှ အဒ်မင်ဖြစ်သူ ဒေါ်တင်တင် ထွေးဦးဆောင်၍
ဝန်ထမ်းများနှင့် ကျောင်းသား/သူ (၂၁) ဦးသည် ခရစ်စမတ်အကြို ဓမ္မ တေးသီချင်းများကို သီဆိုဖျော်ဖြေရာ၌
“Joy to the world” ၊ “Rudolph” ၊ “Jingle Bells” နှင့် “ဖွားတော်မူခြင်း
“ သီချင်းများကို သီဆို၍ မေတ္တာပို့ဆုတောင်း
ကောင်းချီး ပေးကြပြီး နိုင်ငံတော်သမ္မတကို ခရစ္စမတ် လက်ဆောင် ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ
၊ ဇနီးနှင့် မိသားစုတို့က မြန်မာနိုင်ငံ ခရစ်ယာန်
မျက်မမြင်များ မိတ်သဟာယ (ရန်ကုန်) ခ၀ဲခြံမျက်မမြင်ကျောင်းမှ
ဝန်ထမ်းများနှင့် ကျောင်းသား/သူများကို စားသောက်ဖွယ်ရာများဖြင့် ပြန်လည်ဧည့်ခံကျွေးမွေး
ခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment