Thursday, November 10, 2016

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် R-C slap တံတားပြိုကျပျက်စီး




တံတားဦး နိုဝင်ဘာ - ၁၀

နိုဝင်ဘာ(၉)ရက်နှင့်(၁၀)ရက်နေ့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားဦးမြို့နယ် အတွင်းရှိ သဲမောင်းကန် ကျေးရွာနှင့် ဥမှင်ကျေးရွာအကြား မြို့နယ်လမ်းဦးစီးဌာနပိုင် ကျောက်ဆည်-တံတားဦး လမ်းမိုင်တိုင် အမှတ် (၁၅/၇နှင့် ၁၆/၀) အကြားရှိ တံတားအမှတ်(၃/၁၆) အုတ်မြစ်တံတားမှာ ယနေ့နံနက်ပိုင်းက ပြိုကျပျက်စီးသွား ကြောင်းသိရသည်။


အဆိုပါတံတားမှာ အကျယ် ၅ပေ၊ အလျား ၂၄ပေ အုတ်မြစ်အမျိုးအစား R-C slap ဖြစ်ရာ မြို့နယ်လမ်း ဦးစီးဌာနပိုင် တံတားဖြစ်၍ ပြိုကျပျက်စီးသည့်တံတားနေရာသို့ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးမှူးကိုယ်တိုင် ကွင်း ဆင်းစစ်ဆေးခဲ့ပြီး  လမ်းအားခေတ္တပိတ်ထားရကာ လမ်းအသုံးပြုသူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် ယာ ယီတံတားအား ကျောက်ကြီးစီ သဲကြပ်၍ ပြုလုပ်ဆောင်ရွက်ထားကြောင်း ပြိုကျပျက်စီးသွားသည့် တံ တားအား အခိုင်အမာ တည်ဆောက်နိုင်ရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။             

ရဲတင့် ပြန်/ဆက်

No comments:

Post a Comment