Thursday, November 10, 2016

ကနီမြို့နယ်တွင် မိုးစပါးပုလဲသွယ်(Gw1) စံကွက်ရိတ်သိမ်းပွဲကျင်းပ


ကနီ၊ နိုဝင်ဘာ ၁၀
စစ်ကိုင်တိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် တဇယ်ချောင်ကျေးရွာအုပ်စု တဇယ်ချောင်ကျေးရွာ ကွင်းအမှတ် ၁၂၉၄၊ ဦးပိုင်အမှတ် ၄၅/၁ ရှိတောင်သူ ဦးချစ်ထူး၏ သိပ္ပံနည်းကျစိုက်စနစ်ဖြင် စိုက်ပျိုးထားသော ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် မိုးစပါးပုလဲသွယ် (GW1) စိုက်ကွက်တွင် နိုဝင်ဘာ ၁၀ ရက်က စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်၏ ဒေသ၀မ်းစာဖူလုံမှုတွင် လယ်စိုက်တောင်သူများ၏ လက်တွင်ရှိကြောင်း၊ တောင်သူများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း တောင်သူများ၏ ကြိုးစားမှုအပေါ်မူတည်နေကြောင်း၊ သီးနှံအရည်အသွေး ကောင်းပြီး ထွက်နှုန်းကောင်းမွန်ရေး၊ မျိုးသန့်မျိုးစေ့ထုတ်စံပြကွက်များမှ စပါးမျိုးသန့် များထွက်ရှိရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနရှိ ၀န်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ လက်တွေ့အကောင် အထည်ဖော် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ယခုနှစ်တွင် ကနီမြို့နယ်၌ မိုးစပါး(၂၃၈၃၇)ဧက စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းမြင့်မားပြိး သက်တန်းတိုမျိုးများ ဖြစ်သည့် ပုလဲသွယ်(GW1)စပါးကို (၂၇၃) စိုက်ပျိုးထားရှိကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦိးသန့်ဇင့် က တက်ရောက်လာသောတောင်သူများအား ပညာပေးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးပုလဲသွယ် (GW1)စံကွက်ရိတ်သိမ်းမှုတွင် တစ်ဧကကိုစပါးအစိုထွက် (၁၈၁)တင်း ထွက်ရှိပြီး အခြောက်ခံပြီး တင်း(၁၆၃)တင်း ထွက်ရှိကြောင်းသိရသည်။ ယင်းစံကွက်ရိတ်သိမ်းပွဲကို မြို့နယ် စိုက်ညှိအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စုအတွင်းမှ တောင်သူများလာ ရောက် လေ့လာ ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment