Tuesday, November 1, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား ပါကစ္စတန်နိုင်ငံ National Management College မှ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့လာရောက် တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား ပါကစ္စတန် နိုင်ငံ National Management College မှ ကျောင်းအုပ်ကြီး Mr. Naeem Aslam၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ehsan Ullah Batth တို့ ဦးဆောင်သာ National Manegement College မှ လေ့လာ ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ (၁)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးဌာန၏ လက်ရှိပြောင်းလဲဆောင်ရွက်နေမှုများ၊ သတင်းထုတ်ပြန်မှု ဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရသစ်လက်ထက်တွင် ရင်ဆိုင်ကြုံတွေ့နေ ရသော စိန်ခေါ်မှုများနှင့် နှစ်နိုင်ငံ မီဒီယာ ကဏ္ဍအတွေ့အကြုံတို့နှင့်ပတ်သက်၍ အမြင်ချင်းဆွေးနွေးဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်) 

No comments:

Post a Comment