Thursday, November 3, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang နှင့်တွေ့ဆုံဆွေးနွေး




နေပြည်တော်၊ နိုဝင်ဘာ - ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang နှင့် ယမန်နေ့ညပိုင်းတွင် ကျောက်ယု ထိုင်နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ နှစ်နိုင်ငံနယ် စပ်ဒေသရှိ ပြည်သူလူထုလူနေမှုဘ၀မြှင့်တင်ရေး၊ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များနှင့် အဆင့်အလိုက် အပြန်အလှန်တွေ့ဆုံဆွေးနွေး ပွဲများပြုလုပ်ရေး၊ လေ့ကျင့်ရေး ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်ပယ်စုံတွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များအား ဆွေးနွေးကြသည်။
ယင်းနောက် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

No comments:

Post a Comment