Friday, November 18, 2016

Food and cash donated to local people and Tatmadaw troops in Maungtaw

November 18
Royal Resort @ Royal Beach family donated food and cash to local people and Tatmadaw troops who are providing regional security in Maungtaw Township of Rakhine State. The donation ceremony was held at Alotaw Pyae monastery in Sittwe Township in the afternoon of November 16.


After receiving guidance from Alotaw Pyae Sayadaw, the donors presented 300 rice bags, 310 viss of dried fish and 5 million kyats to concerned officials. 
မောင်တောဒေသအတွင်းလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
နေပြည်တော် နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများအတွက် စစ်တွေမြို့ ROYAL RESORT @ ROYAL BEACH စေတနာရှင်မိသားစုများက စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းက စစ်တွေမြို့ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ အလိုတော်ပြည့်ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး အလှူရှင်များက ဆန်အိတ် ၃၀၀၊ ငါးခြောက် ပိဿာ ၃၁၀ နှင့် အလှူငွေကျပ်သိန်း ၅၀ တို့ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ 
အဆိုပါ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို မောင်တောဒေသရှိ လုံခြုံရေး တာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများထံသို့ ဆက်လက် ပို့ဆောင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 
(မြဝတီ)


No comments:

Post a Comment