Saturday, November 5, 2016

E-Government လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၁/၂၀၁၆) ကျင်းပပြုလုပ်


နေပြည်တော် နိုဝင်ဘာလ ၃
မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နိုင်ရေး အတွက် e-Government လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၁၆)ကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ နိုဝင်ဘာလ (၃) ရက်နေ့ ၉နာရီ ၃၀ မိနစ်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိခဲ့ရပါသည်။

ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဌနှင့် အဖွဲ့ဝင်များ နှင့် အစိုးရ ဝန်ကြီးဌာန အသီးသီးမှ Chief Information Officer (CIO) များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးခွန်ဦးမှ e-Government ဆိုင်ရာ ကိစ္စများအား ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့အတူ e-Government ဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်မှ Myanmar e-Governance Master Plan 2016 တွင်ပါဝင်သည့် မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်သွားရမည့် အချက်များ၊ ဖွဲ့စည်းပုံဆိုင်ရာ ဆောင်ရွက်သွားရမည့် အချက်များ၊ လမ်းပြမြေပုံ (Road Map) လုပ်ငန်းစဉ်အဆင့်များနှင့် e-Governance Framework Conceptual Architecture တို့အား ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ Myanmar National Web Portal အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်တို့အား ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲအား နေ့လည်ပိုင်းတွင် ဆက်လက်ကျင်းပခဲ့ပြီး ဗဟိုရုံးများ၊ အစိုးရ ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ် CIO များမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် e-Government လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးကြပြီး၊ တက်ရောက် လာကြသူများမှ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆောင်ရွက်သွားသင့်သည့် အချက်များနှင့် ပေါင်းစပ် ညှိနှိုင်းရန် လိုအပ်သည်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

No comments:

Post a Comment