Wednesday, November 16, 2016

Building Markets နဲ့ HYW Business & IT School (magway)တို့ ပူးပေါင်းကျင်းပသည့် Global Entrepreneurship Week(GEW)အထိမ်းအမှတ် seminars နဲ့ workshops ပြုလုပ်


မကွေး     နိုဝင်ဘာ     ၁၅
INGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Building Markets နဲ့ HYW Business & IT School (magway)တို့ ပူးပေါင်း ကျင်းပသည့် Global Entrepreneurship Week(GEW) အထိမ်းအမှတ် seminars နဲ့ workshops ပြုလုပ်ပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ Soft Guide(Magway)သင်တန်းခန်းမ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း တက်ရောက် အမှာစကားပြောကြား သည်။




ဆက်လက်၍ GEW အစီအစဉ် ဖြစ်မြောက်ရေးအတွက် organizer အဖြစ်ဆောင်ရွက်ပေးသော HYW Co., Ltd မှဒေါ်ဌေးယဉ်ဝင်းက ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Existing Innovators များ Job creators များ၏  motivation Seminars  အစီအစဉ် ဆောင်ရွက်ခြင်း၊ HYW Business & IT School မှ Trainersများ၏ leadership &Management, entrepreneurship နှင့်ပတ်သက်သော workshop အား ပျော်ရွှင်စရာ Games အစီအစဉ်များဖြင့် ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Global Entrepreneurship Week သည် မိမိတို့၏ ကိုယ်ပိုင် ideas များကိုသုံးကာ startup များ အဖြစ် စတင်လုပ်ကိုင်လာခဲ့ကြသော existing innovators များ job creators များ ကစီပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သော်လည်းကောင်း၊ လူသားများ၏ ကောင်းကျိုးများအတွက်  လည်းကောင်း၊ တစ်တပ်တစ်အား ပါဝင်လှုပ်ရှားပေးကြ သော အစီအစဉ်ကောင်း တစ်ခုဖြစ်ပြီး နိုဝင်ဘာလ၏ ရက်သတ္တပတ်အတွင်း self- starters နှင့် innovators များအား ၎င်းတို့၏ potential များက ရှာဖွေဖော်ထုတ်လာနိုင်စေရန် local, national, global အဆင့် activities များ ပြုလုပ်ပေးခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် SME လုပ်ငန်းရှင်များနှင့် လူငယ် Potentials များ အတွက် အခုလိုပွဲတွေ ကျင်းပပေးဖို့ HYW အနေနဲ့ စိတ်ဆန္ဒများစွာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အတွက်သော် လည်းကောင်း၊ SME လုပ်ငန်းရှင်များ၏ capacity development အတွက်သော် လည်းကောင်း၊ potential entrepreneurs များ ပေါ်ပေါက်လာ စေရန်အတွက်သော် လည်းကောင်း၊ နိုင်ငံတကာအဆင့်မီ စီးပွားရေးဘွဲ့များကို ရယူနိုင်သောသူများ ပေါ်ထွန်းလာစေရန်အတွက်သော် လည်းကောင်း၊ HYW Business & IT School အနေနဲ့ private school အနေနဲ့ရော အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်လို့ရမည့် လုပ်ငန်းများတွင်လည်း volunteer school အနေနဲ့ပါ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟု HYW Co., Ltd မှ GEW အစီအစဉ်ဖြစ်မြောက်ရေး organizer ဒေါ်ဌေးယဉ်ဝင်း၏ ပြောကြားချက်အရ သိရသည်။


သန်းနိုင်ဦး(ငဖဲ-ပြန်/ဆက်)

No comments:

Post a Comment