Wednesday, November 2, 2016

ရက်(၁၀၀)အလွန် စီမံချက်တွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး




နေပြည်တော် နိုဝင်ဘာ ၂

ပြည်သူတို့၏ လူမှုဘဝ လုံခြုံဖွံ့ဖြိုးရေး အတွက် ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်  စောင့်ရှောက် ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လုပ်ဆောင်လျက် ရှိရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးသည် နိုဝင်ဘာလ၊ (၁)ရက် နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လသာမြို့နယ်ရှိ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ လျက်ရှိသော မစန်းကေခိုင်နှင့် မသဇင်တို့ (၂) ဦးကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြား ခဲ့သည်။
ယင်းနောက် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်မြင့်က လူနာ(၂)ဦးနှင့် ပတ်သက်၍ ခွဲစိတ်ကုသပြီး အခြေနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နတ်မောက်လမ်းရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင် ကျောင်းသို့ ရောက်ရှိပြီး သင်တန်း သူများကို သက်မွေးပညာ သင်ကြားပေးနေမှု အခြေနေများကို ကြည့်ရှုပြီး အမျိုးသမီးများ ဘဝလုံခြုံ မှုရှိစေရေး၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက် ပေးနိုင်ရေး၊ သက်မွေးအတတ် ပညာများ ကျွမ်းကျင်စွာ တတ်မြောက်ရေးနှင့် အာဟာရမျှတစွာ ကျွေးမွေးပြုစု နိုင်ရေးတို့ကို မှာကြားသည်။
ထို့နောက် တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများ ကျောင်းသို့ ရောက်ရှိပြီး နားမကြားသော ကလေးငယ်များကို လက်သင်္ကတပြပြီး သင်ကြားပေးနေမှု အခြေ အနေ၊ နားမကြားသော ကလေး သူငယ်များကို နားကြားကိရိယာ တပ်ဆင်ပေးပြီးနောက် စကားပြောနိုင်ရေး ကုထုံးနည်း (Speech Therapy) သင်ကြားမှုနှင့် ဆရာ၊ဆရာမများအတွက် သင်ကြားလေ့ကျင့်မှုများကို လည်း လှည့်လည် ကြည့်ရှုပြီး အားပေးစကား ပြောကြားပါသည်။
မွန်းလွဲပိုင်းတွင် တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်ရမည့် ရက်(၁၀ဝ)အလွန် (၆)လ စီမံချက်ပါ လုပ်ငန်းများကို ဆွေးနွေးခဲ့ ကြသည်။
ထို့နောက် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အာရှဝန်ကြီးများ အဆင့်ညီလာခံသို့ တက်ရောက်ရန် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ထွက်ခွာသွာသည်။

No comments:

Post a Comment