Thursday, November 10, 2016

နတ်မောက်မြို့နယ် ကျွဲမကျကျေးရွာတွင် ကျွဲမကျချောင်း ရေကျော်မှုဖြစ်ပွား

နတ်မောက် နိုဝင်ဘာ ၁၀
နတ်မောက်မြို့နယ်ကျွဲမကျကျေးရွာကျွဲမကျချောင်း ရေကျော်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်  (၁) နာရီခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် ကျွဲမကျချောင်း ရေကျော်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရေများစီးဆင်း၍ကားများ၊ ဆိုင်ကယ်များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းရာတွင် အခက်အခဲ မရှိစေရန် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်(၇)နာရီက နတ်မောက်မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်များကို ကူညီတွန်းပို့ခြင်း၊ ကားများရေကူးလာသည့်အခါ ကူညီစောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

လှဝင်း(နတ်မောက်)

No comments:

Post a Comment