Tuesday, November 22, 2016

ဧရာဝတီတိုင်းဒေသကြီးရှိ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဦးစားပေးလုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပုသိမ် နိုဝင်ဘာ  ၂၂  
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ ကျင်းပသည့် ဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ဦးစားပေးလုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ပုသိမ်ဟိုတယ်၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးရှိ ဘေးအန္တရာယ် နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စီမံချက်အပါအဝင် ဘေးအန္တရာယ် စီမံခန့်ခွဲမှု စနစ်များ ၊ တိုင်းဒေသကြီးအတွင်း  ရင်ဆိုင်ရသော ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ နှင့်  စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များ ၊ စိန်ခေါ်မှုများကို သတ်မှတ်ဖော်ထုတ်ရန်၊ လုပ်ငန်းစဉ်များ ၊ ကဏ္ဍများ၊ ပုံစံများ ၊ အချိန်ကာလ ၊ ရန်ပုံငွေ ၊ ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ရေးဆွဲမှုအား ညှိနှိုင်း ဆောင်ရွက်ခြင်း ဆိုင်ရာများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများ တိုင်းအဆင့် ဌာန ဆိုင်ရာများ ၊ UNDP မှာ တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများက ( ၂ ) ရက်ကြာ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
                                                           

ပုသိမ် (ပြန်/ ဆက်)

No comments:

Post a Comment