Friday, November 4, 2016

နိုင်ငံခြားသား ဆရာဝန်အဖွဲ့ ဖျာပုံမြို့နယ်သို့ လာရောက်ဆေးကုသပေး





ဖျာပုံ နိုဝင်ဘာ ၎

ဂျာမန်လူမျိုးများ ဖြစ်သည့် သွားဆရာဝန်(၁)ဦး၊ အထွေထွေရောဂါကုဆရာဝန်(၂)၊ သူနာပြု ဆရာမ(၂)ဦး နှင့် ရေယာဉ်ဝန်ထမ်း (၈) ဦးတို့သည် နိုဝင်ဘာလ(၃)ရက်နေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံမြို့နယ်၊ ရှမ်းကွင်းကြီးကျေးရွာသို့ နယ်လှည့်ဆေးခန်း သဘောင်္ဖြင့် ကျေးရွာနေပြည်သူများအား လာရောက်ဆေးကုသ ပေးခဲ့ကြောင်း သိရသည်။


ယင်းအဖွဲ့သည် ရှမ်းကွင်းကြီးကျေးရွာ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်းတံတားဆိပ်တွင် သဘောင်္ ဆိုက်ကပ် လျက် ကျေးရွာပြည်သူများအတွက် ဆေးကုသပေးကြသည်။

ယင်းအဖွဲ့သည် ရှမ်းကွင်းကြီးကျေးရွာတွင် (၃-၁၁-၂၀၁၆)နေ့မှ (၅-၁၁-၂၀၁၆)နေ့ထိ ဆေးကုသ ပေးမည်ဖြစ်ပြီး၊ ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စိန်ဟိုင်းကျေးရွာ ၊ ကျိုက်လတ်မြို့နယ် ပရိုက်ဝကျေးရွာ၊ လက်ခုတ်ကျေးရွာ၊ သာယာဝဲကျေးရွာ နှင့် ဒေးဒရဲမြို့နယ် မိချောင်းအိုင်ကျေးရွာတို့တွင်တစ်ရွာလျှင် (၃)ရက်ကြာ ၂၂-၁၁-၂၀၁၆ ရက်နေ့ထိဆေးခန်းသဘောင်္ပေါ် တွင် ဆေးဝါးများ ကုသပေးမည်ဖြစ် သည်။

ယင်းအဖွဲ့မှ ဆေးကုသရာတွင် စမ်းသပ်ခ အဖြစ်(၁၅၀၀)ကျပ်နှင့် ဆေးဖိုးတန်ဖိုးအား မူရင်းဈေးဖြင့် ကုသပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။  ယင်းအဖွဲ့တို့သည် ၂၀၁၀ခုနှစ်မှစ၍ နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ဆေးကုသ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment