Friday, November 4, 2016

မြစ်သားမြို့ အခြေခံပညာကျောင်းများတွင် သုတ၊ ရသ အသိပညာပေး ကျောင်းတွင်း စာပေဟောပြောပွဲများ ကျင်းပပေး


မြစ်သား နိုဝင်ဘာ ၎
မနလေးတိုင်းဒေသကြီး မြစ်သားမြို့ အခြေခံပညာကျောင်းများတွင် သုတ၊ ရသ အသိပညာပေး ကျောင်း တွင်းစာပေဟောပြောပွဲများကို မြစ်သားမြို့လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူးကျင်းပပေးလျက်ရှိရာ နိုဝင်ဘာ ၄ ရက် နံနက် ၁၀နာရီ မိနစ် ၃၀ တွင် စာရေးဆရာ ဇော်ခိုင်ဦး (မနလေး)က အခြေခံပညာ အထက်တန်းကျောင်း (မြစ်သား) ဟောပြောကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်က ̏နောင်တစ်ခေတ်တွင် နိုင်ငံ့တာဝန် များကို ထမ်းဆောင်ရမည့် ကျောင်းသား/သူများအား သုတ၊ ရသစာပေများကို ချစ်ခင်စိတ်၊ တန်ဖိုးထားစိတ်နှင့် စာဖတ်စွမ်းအားများ တိုးမြှင့်လာစေရန် စာပေဟောပြောပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း˝အဖွင့်အမှာစကား တွင် ထည့်သွင်း ပြောကြားသည်။
ဆက်လက် စာရေးဆရာ ဇော်ခိုင်ဦး(မနလေး)က မင်းသုဝဏ်၏ နှင်းဆီပွင့်ကဗျာ၊ ဆရာဇော်ဂျီ၏ သင်သေသွားသော်၊ ဆရာတင်မိုး၏ အောင်ဆန်းဇာနည် ကဗျာများထဲမှ စိတ်ထားများအတိုင်း ကျောင်းသား/သူ များ ထားတက်ရန်၊ မူးယစ်ဆေးဝါး အပြစ်ဆိုးကျိုးများ၊ မိမိသာမက မိမိဘေးက သူငယ်ချင်းကိုယ်ပါ အကောင်း ဘက်ပြုပြင်ပေးနိုင်ရန်၊ ဘ၀အတွက်ကိုယ်ကျင့်တရား စောင့်ထိန်းပြီး၊ ပြနာများကိုရဲရင့်စွာ စိန်ခေါ်ကျော်လွှား ဖြတ်သန်းသွားတက်စေရန် ကဗျာများ၊ သီချင်းများဖြင့် ဟောပြောခဲ့ရာ ကျောင်းသား/သူ ၇၀၀ ကျော်က စိတ်အား တက်ကြွစွာ နားထောင် အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြစ်သား (ပြန်/ဆက်)

No comments:

Post a Comment