Friday, November 11, 2016

ကန့်​ဘလူမြို့နယ်​တွင်​ လူ ၇၄ ဦးခန့်​ အစာအ​ဆိပ်​သင့်​မှုဖြစ်​ပွား

ကန့်ဘလူ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်ဒေသကြီး ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာအုပ်စု၊ လျှော်ဖြုကုန်ကျေးရွာ မင်္ဂလာဆောင်၌ ထမင်းဖြင့် ဧည့်ခံကျွေးမွေးရာ လူဦးရေ ၇၄ ဦးခန့် အစာအဆိပ်သင့်ပြီး အော့အန်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်

အဆိုပါအခင်းဖြစ်ပွားမှုနှင့် နီးစပ်ရာ ကိုးထောင်ဘို့ကျေးရွာ အုပ်စု အုပ်ချုပ်​​ရေးမှူးနှင့်အဖွဲ့၊ ကိုးထောင်ဘို့ရဲကင်း စခန်းမှူးနှင့်အဖွဲ့၊ ကိုးထောင်ဘို့ ကျန်းမာရေး ဝန်ထမ်းများ အဖွဲ့တို့မှ လျှော်ဖြူကုန်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ကျန်းမာရေးစောင်ရှောက်မှုများဆောင်ရွက်​​ပေးလျက်ရှိသည်
ကန်
့ဘလူခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဦးသက်လွင်က ကောလင်းမြို့နယ်ကျန်းမာရေးဌာနသို့ အကူအညီပေးနိုင်ရန်​​တောင်းခံထားပြီး၊ ကန့်ဘလူမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးစိုးသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမိုးမြင်ဇော်၊ ကန့်ဘလူမြို့နယ် ခုတင် ၁၀၀ ဆံ့ဆေးရုံမှ ဆရာဝန်အဖွဲ့နှင့်အတူ လိုအပ်သည့် ကျန်းမာရေးစောင်ရှောက်မှုပေးနိုင်​​ရေး သွားရောက်​​ဆောင်ရွက်​​ပေးလျက်ရှိကြောင်း ကနဦး သတင်းအရ သိရသည်

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments:

Post a Comment