Tuesday, November 1, 2016

မအူပင်ခရိုင်တွင် မြို့ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းညှိနှိုင်းဆွေးနွေး

မအူပင် ၊ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ သက်ဆိုင်ရာ ဌာနများအလိုက် မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု (လစဉ်)ပုံမှန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲသို့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ပြီး ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဆွေးနွေးမှာကြားပြီး ဌာနများအလိုက် ပြန်လည်တင်ပြဆွေးနွေးကြကြောင်း သတင်းရရှိသည်။


မအူပင်ခရိုင် (ပြန်/ဆက်) 

No comments:

Post a Comment