Thursday, November 3, 2016

မြေသန့်မင်္ဂလာ ပန္နက်တော်တင်၊ တွင်းတော်ဝန်း မဟာသာသနာ့ဗိမာန်တော်ဆောက်ရန် မင်္ဂလာ အခမ်းအနားကျင်းပ


စစ်တွေ နိုဝင်ဘာ ၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့မှ မဟာသာသနာ့ ဗိမာန်တော် တည်ဆောက်ရန် အနန္တရာယိက မြေသန့်မင်္ဂလာ ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာစေတီ ပရိဝုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။




အဆိုပါ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပရာ ပထမပိုင်းတွင် စစ်တွေမြို့ သြ၀ါဒစရိယ ဆရာတော်ကြီးများနှင့် အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော အမှုပြုသော ဧည့်ပရိတ်သတ်များက  နမောတသ(၃) ကြိမ် ရွက်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဧည့်ပရိတ်သတ်များက စစ်တွေမြို့ ဒက္ခိဏရာမ ကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီးလ ခံယူဆောက်တည်ကြပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ကျောက်၊ ပရိတ်ချည် နှင့် ပရိတ်တော်နံ့သာရေး ငွေဖလားတို့ကို သံဃာာတော်အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး  သံဃာတော်   အရှင်သူမြတ် တို့အား ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ပြည်နယ်ဝန်ကြီးများ ၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး စစ်တွေမြို့ဒက္ခဏရမ ဆရာတော်ကြီးထံမှ ရေစက်ချ တရားနာယူပြီး ရေစက်ချ အမျှပေးဝေကြသည်။
ယင်းနောက် သံဃာတော် အရှင်မြတ်တို့က အနန္တရာယိက မြေသန့် ကမ္မ၀ါစာ ရွက်ဖတ် သရဇ္စုာယ်တော်မူကြသည်။
ထို့နေက် အခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ ပန္နက်တော်ဆိုင်ရာ ပစ္စည်းများကို သာသနာ့ဗိမာန်တည်ဆောက်မည့် မြေရာကွက်သို့ ပို့ဆောင်ကြရာ ပန္နက်တော်တင် မင်္ဂလာပြုလုပ်မည့် နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက နေရာယူကြသည်။ ထို့နောက် မင်္ဂလာအခါတော် အချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ၊ ပြည်နယ် ၀န်ကြီးများ ၊ တာဝန်ရှိသူများက ပန္နက်တော်တင် မင်္ဂလာပြုလုပ်ကြပြီး ပရိတ်နံ့ သာရေဖြင့် ပတ်ဖျန်းကြသည်။
ယင်းနောက် ဇယန္တော ဗောဓိယာ မူလေ အစချီသော ဇယမင်္ဂလာ အောင်ဂါထာတော် နှစ်ပုဒ်ဖြင့်  သုံးကြိမ် ရွက်ဆိုပြီးနောက် သမ္မာဒေ၀ နတ်များကို  ပြန်လည်ပို့ဆောင်ကာ  အခမ်းအနားကို  ဗုဒ္ဓသာသနံ စိရံ တိဌတု  သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
အဆိုပါ  အခမ်းအနားသို့ အမှတ်(၃) စစ်ဆင်ရေးအထူးဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး  အောင်ကျော်ဇော ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှပြည်နယ် တရားသူကြီးချုပ် ဦးကျောက် ၊ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (စစ်တွေ ) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် လှမြင့်စိုး ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး ထိန်လင်း၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်(စစ်တွေ) တပ်နယ် မှ အရာရှိ ၊ အရာခံ စစ်သည်တော်များ နှင့် ရဲမယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်  အဆင့် ဌာနဆိုင်ရာများ ၊ မြို့မိ/မြို့ဖ  များ တက်ရောက်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment