Sunday, November 27, 2016

မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာတစ်ဝိုက်မှ မသင်္ကာသူ သုံးဦး ဖမ်းဆီးရမိ




နေပြည်တော် နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝါးပိတ် ကျေးရွာတစ်ဝိုက်တွင် သတင်းအရ နယ်မြေ ရှင်းလင်းစဉ် မသင်္ကာသူသုံးဦး ဖမ်းဆီး ရမိကြောင်း နိုင်ငံတော် အတိုင်ပင် ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အကြမ်းဖက် တိုက်ခိုက်မှုများ၌ ပါဝင်ခဲ့သူများ ခိုအောင်းနေ ကြောင်း သတင်း အရ ယနေ့ နံနက် ၉ နာရီခန့် က မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာတစ်ဝိုက် ရှင်းလင်းစဉ် မသင်္ကာသူများဖြစ်သည့် ဆွေတာမောက်စ (၅၈)နှစ်၊ ဆွေယော့ ဟူဆောင်း (၆၅)နှစ်နှင့် ဆာလီအာမွတ်(၅၁)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများအား တရားဥပဒေ နှင့်အညီ ဆက်လက်ဆောင် ရွက်နိုင် ရန်အတွက် သက်ဆိုင်ရာသို့ လွှဲပြောင်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment