Monday, November 28, 2016

မူဆယ်ဒေသနယ်မြေတည်ငြိမ်အေးချမ်းလာ၍ နေရပ်စွန့်ခွာတိမ်းရှောင်သူများ နေရပ်အသီးသီးသို့ပြန်လည်ထွက်ခွာ


မူဆယ် နိုဝင်ဘာ ၂၈
မူဆယ်မြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် သူများသည် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိလာပြီ ဖြစ်၍ ၎င်းတို့၏ဆန္ဒအလျောက်  နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာနေကြရာ
 

ကြက်ခြေနီအသင်းများ၊ ပရဟိတအသင်းများ၊ ကျန်းမာရေးဌာနမှ လူနာတင်ယာဉ် များဖြင့် နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေး လျက်ရှိသည်။
ထိုသို့ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာလျက်ရှိရာ ဟိုမွန်ရပ်ကွက်၊ ခရစ်ယာန်ဘုရားကျောင်း ကယ်ဆယ်ရေး စခန်းတွင် (၁၄၂)ဦး၊ အောင်မင်္ဂလာဘုန်း တော်ကြီးကျောင်(စွမ်းစော်)တွင် (၄၉)ဦး၊ နမ့်ခွမ်ဘုန်းတော်ကြီးကျောင်းတွင် (၈)ဦး၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင်(၁၅၁)ဦးနှင့် အမှတ်(၄)အခြေခံ ပညာမူလတန်း ကျောင်းတွင် (၁၁)ဦး စုစုပေါင်း စစ်ဘေးတိမ်းရှောင်ဒေသခံပြည်သူ (၄၀၉) ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
ခရိုင် (ပြန် /ဆက်)

No comments:

Post a Comment