Thursday, November 10, 2016

တောင်သာမြို့ နယ်အတွင်းရှိ ဆည်များတွင် ရေပြည့်မှတ်ကျော်လွန်နေ

 တောင်သာ နိုဝင်ဘာ ၁ဝ 
တောင်သာမြို့နယ် အတွင်းရှိ   ဆည်များတွင်  ညပိုင်းနှင့်နံနက်ပိုင်းများက မိုးရေချိန် ၃.၉၅ လက်မ ရွာသွန်းခဲ့မှု ကြောင့် ယခုအချိန်တွင် ဆည်များ၏ ရေသိုလှောင်ပမာဏထက် ကျော်လွန်ဝင်ရောက် လျက်ရှိသည်။ ဝဲလောင်ဆည် လက်ရှိရေအမှတ်  (၆၁ဝ.၈)ပေ၊ ရေပိုလွှဲမှရေကျော် (ဝ.၈)ပေ၊ သမက္ကူဆည် မှာ လက်ရှိရေအမှတ် (၇၃၁.၁ ) ပေ ၊ ရေပိုလွှဲမှရေကျော် (၁.၁)ပေ၊ တောင်သာဆည်မှာ လက်ရှိရေ
အမှတ်(၅၂၁)ပေ၊ ရေပိုလွှဲမှရေကျော် (၁.ဝ)ပေ၊ ကျောက်တစ်လုံးဆည်မှာ လက်ရှိရေအမှတ်(၆၄၅.၃ ) ပေ ၊ ရေပိုလွှဲမှရေကျော် (ဝ.၃)ပေ၊ ကျော်နေသောကြောင့် ပုံမှန် ဆည်ရေပိုလွှဲမှရေများထွက်နေရာ ဆင်တဲချောင်းအတွင်း ရေများ ပုံမှန်အတိုင်းစီးဆင်းလျက်ရှိပါသည်။

မြို့နယ် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဦစီးဌာနမှဦးစီးအရာရှိထံ အချိန်နှင့်တပြေးညီ သတင်းဖြစ်ေ ပါ် နေမှုအခြေအနေကို စုံစမ်းမေးမြန်းရာတွင် တောင်သာမြို့ နယ်အတွင်း   လက်ရှိ အနေအထားအရ ဆည်များ၏ကြံ့ ခိုင်မှုအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သတင်းရရှိသည်။

တောင်သာ (ပြန် /ဆက် )


No comments:

Post a Comment