Thursday, November 10, 2016

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အ.ထ.ကကျောင်းနှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေ၀င်ရောက်

ပုသိမ်ကြီး နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ ၀င်ရောက်လျက်ရှိရာ ရပ်ကွက်အချို့လမ်းများနှင့် အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း ရေများ ၀င်ရောက်လျက်ရှိကြောင်း သိရှိရသည်။




အဆိုပါ ရေ၀င်ရောက်မှုများကြောင့် သွားလာရေး ခက်ခဲခြင်းများ ရှိသည့်အတွက် တာဝန်ရှိသူများမှ ရေအမြန်ကျဆင်း ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment