Friday, November 25, 2016

ဆိုလာပြားဖြင့် ဘက်ထရီ အားသွင်းရာမှ မီးလောင်မှုဖြစ်ပွား

မိုးမိတ်၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ လက်ခုပ်တန်းရပ်ကွက်တွင် နိုဝင်ဘာ  ၂၅ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ မိုးမိတ်မြို့ လက်ခုပ်တန်းရပ်ကွက်နေ ဦးဇော်ဇော်အောင်၏ နေအိမ်တွင် ဆိုလာပြားဖြင့် ဘက်ထရီ အားသွင်းထားခဲ့ရာ အပူလွန်လောင်ကျွမ်းရာမှတဆင့် နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဘေးအိမ်များသို့ ကူးစက် လောင်ကျွမ်းမှု မရှိခဲ့ကြောင်း သိရသည်။ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် စတင်၍ မီးလောင်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၅မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးပေါ့ဆသုံးစွဲသူ ဦးဇော်ဇော်အောင် အသက် (၃၁) နှစ်အား မိုမိတ်မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

(မိုးမိတ်၊ ပြန်/ဆက်)

No comments:

Post a Comment