Tuesday, November 29, 2016

တရုတ်-အာဆီယံ အပျော်တမ်းကားမောင်းပြိုင်ပွဲ ဘားအံမြို့မှ ပြန်လည်ထွက်ခွာ



ဘားအံ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် Myanmar Tourim Resources Co.Ltd ၏ စီစဉ်မှုဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှတစ်ဆင့် နိုဝင်ဘာ ၂၇ ရက်နေ့က မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသော တရုတ်နှင့် အာဆီယံနိုင်ငံ သားများ ပါဝင်သည့် အပျော်တမ်း  ကားမောင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က တည်းခိုရာ သိရိဘားအံဟိုတယ်ရှေ့၌ အပျော်တမ်းကားမောင်းပြိုင်ပွဲ တာလွတ်ပြိုင်ပွဲကို ကျင်းပ၍ ပြန်လည်ထွက်ခွာ သွားကြကြောင်း သိရသည်။

အဆိုပါ ကားမောင်းပြိုင်ပွဲသည် တရုတ်နိုင်ငံမှ စတင်တာလွတ်ပြီး တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊  အင်ဒိုနီးရှား အစရှိသည့် နိုင်ငံ ၈ နိုင်ငံအား ဖြတ်ကျော်၍  ဂျာကာတာမြို့တွင် အဆုံးသတ်မည်ဖြစ်ကာ နိုဝင်ဘာ  ၂၃ ရက်နေ့က တရုတ်နိုင်ငံတွင် စတင်တာလွတ်ပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် ဂျာကာတာမြို့၌ ပန်းဝင်မည်ဖြစ်ကြောင်း၊  မော်တော်ယဉ် ၁၆ စီးဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံသား ကားမောင်းသမား ၈၈ ဦး ၀င်ရောက်ယှဉ်ပြိုင် မောင်းနှင်ကြကြောင်းသိရသည်။

အပျော်တမ်းကားမောင်းပြိုင်ပွဲ တာလွတ်ပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ၀န်ကြီးဒေါက်တာ တင်ဝင်းကျော်က သေနတ်ပစ်ဖေါက်တာ လွတ်ပေးခဲ့ပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘက်စုံဖွံဖြိုးတိုး တက်ရေးအတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံရင်းနှီး ချစ်ကြည်မှုရယူနိုင်ရန် နိုင်ငံပေါင်းစုံ ချစ်ကြည်ရေးအတွက် ညီညီ ညွှတ်ညွှတ်ဖြင့် အဆိုပါ အပျော်တမ်းကားမောင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

            

No comments:

Post a Comment