Friday, November 18, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ သံအမတ် ခန့်အပ်လွှာများပေးအပ်


နေပြည်တော် နိုဝင်ဘာ ၁၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်ဆိုင်ရာ ဘူတန်ဘုရင့်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ရှီဝမ် ရှော့ဖယ်(လ်) ဒိုဂျီ သည် ယနေ့ မွန်းလွဲ (၂) နာရီတွင်လည်းကောင်း၊ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန်



သဘောတူညီပြီးဖြစ်သော မစ္စတာ ဟိုင်းဒါ ခရမ် ဒီဗန်လယ်အိုလူ သည် မွန်းလွဲ (၂) နာရီ (၃၅) မိနစ်တွင် လည်းကောင်း၊ ကနေဒါ နိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူ ညီပြီးဖြစ်သော မစ္စ ကယ်ရင် အန်နီတာ မက်အာသာ သည် မွန်းလွဲ (၃) နာရီ(၁၀) မိနစ်တွင်လည်းကောင်း နေပြည်တော်ရှိ သမ္မအိမ်တော်သို့ သွားရောက်၍ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာ များကို ပေးအပ်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။

No comments:

Post a Comment