Friday, November 4, 2016

ဖျာပုံမြို့နယ် အေးသာယာကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ဖျာပုံ နိုဝင်ဘာ ၎
ဖျာပုံမြို့နယ် ၊ အခြာကလေးကျေးရွာအုပ်စု ၊ အေးသာယာကျေးရွာတွင် နိုဝင်ဘာလ (၄)ရက်နေ့ နံက်(၃) နာရီ (၁၅)မီးနစ်အချိန်တွင် ရေလုပ်ငန်းပိုင်ရှင် ဦးရန်အေး၏ အလုပ်သမားတန်းလျား တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အလုပ်သမားတန်းလျားတွင် နေထိုင်သူ အလုပ်သမား တစ်ဦးအခန်းတွင် ကောက်ညှင်းပေါင်း ပေါင်းထားရာမှ အိပ်ပျော်သွား၍ အနီးရှိ ထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်ရာသို့ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝေ ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၁၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀) ဦးနှင့်ကျေးရွာနေပြည်သူများမှ ၀ိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ နံက်(၅)နာရီအချိန်တွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် ပိုင်ရှင် ဦးရန်အေး၏ အလျား(၇)ပေ၊ အနံ(၁၂)ပေ၊ ဓနိမိုးဓနိကာ၊ ၀ါးခင်း အခန်းပေါင်း(၃၂)ခန်း မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် အသက်(၁၂)နှစ် အထက်ကျား(၁၈)ဦး၊ မ(၃၂)ဦး ၊ အသက်(၁၂)နှစ်အောက် ကျား(၃၀)ဦး၊ မ(၃၆)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

မီးဘေးဒုက္ခသည်များကို ငါးခြောက်လှန်းရုံတွင် နေရာချထားပေးကြောင်း၊ မီးလောင်မှုကြောင့်ပိုင်ရှင် ဦးရန်အေး (ဘ) ဦးရွှေ အသက်(၅၆)နှစ် အား ဖျာပုံမြို့မရဲစခန်းမှ (ပ) ၈၉၂ /၂၀၁၆ ၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


ဖျာပုံမြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment