Tuesday, November 1, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ အိန္ဒိယသမ္မတနိုင်ငံ ရေတပ်ဦးစီးချုပ် နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၁
ဒုတိယသမ္မတဦးမြင့်ဆွေသည် အိန္ဒိယသမ္မတနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Sunil Lanba , PVSM, AVSM, ADC နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်း မ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အစဉ်အဆက်တည်ရှိခဲ့သည့် ယဉ်ကျေးမှုဆက်ဆံ ရေးနှင့် ပြည်သူများ အချင်းချင်းအကြား ဆက်ဆံရေးမြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံခေါင်းဆောင် များအကြား၊ နှစ်နိုင်ငံ တပ်မတော် များအကြား ချစ်ကြည်ရင်းနှီးမှု၊ ကူးလူးဆက်ဆံမှု မြှင့်တင်ရေး၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ အိန္ဒိယခရီးစဉ် အတွင်း သဘောတူညီချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နယ်မြေချင်း၊ ရေမြေချင်း ထိစပ်နေသည့်အတွက် တည်ငြိမ်ရေးနှင့် သဘာဝ ဘေး အန္တရာယ် ကာကွယ် တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပင်လယ်ပြင် လုံခြုံရေး ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့စွမ်းရည် မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် သိပ္ပံနည်းပညာကဏ္ဍ များတွင် ထောက်ပံ့ကူညီမှုများ မြှင့်တင်ရေး၊ အိန္ဒိယနိုင်ငံသို့ မြန်မာ နိုင်ငံမှ ပညာတော်သင်များ တိုးမြှင့်သွားရောက်နိုင်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဗိုလ်ချုပ်မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment