Wednesday, November 9, 2016

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ကာတာနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ကာတာနိုင်ငံ သံအမတ်ကြီး H. E. Mr. Hassan Bin Mohamed Rafel Al-Emadi အား ယနေ့   နံနက် (၁၁)နာရီခွဲတွင် ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။



ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ သစ်တောကဏ္ဍနှင့် ပတ်သက်၍ ကျွန်းသစ်စိုက်ပျိုး ထုတ်လုပ်မှု သမိုင်းကြောင်း၊ သစ်တောပြန်လည် ထိန်းသိမ်းရေးအတွက် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် သစ်အလုံးလိုက် ပြည်ပ တင်ပို့ခြင်းအား ၂၀၁၄ ခုနှစ်မှ စတင်ရပ်ဆိုင်းခဲ့မှု၊ သစ်ခုတ်လှဲ ထုတ်လုပ်ခြင်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁ နှစ်ရပ်ဆိုင်းခဲ့မှု၊ ၂၀၁၇ ခုနှစ်မှစတင်၍ သစ်တော ပြန်လည် တည်ထောင်ခြင်း ၁၀ နှစ်စီမံ ကိန်းဖြင့် တစ်နှစ်လျှင် ဧက သုံးသောင်းခြောက်ထောင်ခန့် စိုက်ပျိုးမည့် အစီအမံများ၊ သတ္တုကဏ္ဍ၌ နိုင်ငံခြားသား၊ တိုင်းရင်းသား ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြဌာန်း ပြီးနောက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ၊ ပတ်ဝန်းကျင် အုပ်ချုပ် လုပ်ကိုင်မှု စီမံချက်တို့ ရေးဆွဲ ဆောင်ရွက်လျက်ရှိမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန လုပ်ငန်း နယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

No comments:

Post a Comment