Tuesday, November 15, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိ



စစ်တွေ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့မှ အဖွဲ့ဝင်(၇)ဦးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ထွက်ခွာရာ စစ်တွေမြို့သို့ မွန်းလွဲ (၁၂)နာရီ (၄၅)မိနစ်တွင် ရောက်ရှိကြသည်။


ကော်မရှင် အဖွဲ့ဝင်များမှာ ဦးဝင်းမြ၊ ဒေါက်တာသာလှရွှေ၊ မစ္စလက်တီတီရာ ဗန်ဒန် အာဆမ်၊ ဦးအေးလွင်၊ ဒေါက်တာမြသီတာ၊ ဦးခင်မောင်လေး၊ ဒေါ်ခင်စောတင့် တို့ဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်လည်းကောင်း၊ မွန်းလွဲ(၃)နာရီ (၄၅)မိနစ်တွင် စစ်တွေဟိုတယ်ခန်းမ၌ စစ်တွေမြို့ မြို့မိမြို့ဖ ဦးမောင်သာစိန် ဦးဆောင်သော အဖွဲ့ဝင် (၉)ဦး နှင့်လည်းကောင်း စစ်တွေမြို့နယ် ဘင်္ဂါလီရပ်မိရပ်ဖ ဦးကျော်လှအောင် ဦးဆောင်သော အဖွဲ့ဝင်(၅)ဦးနှင့် လည်းကောင်း တွေ့ဆုံသည်။ အဆိုပါ ကော်မရှင်အဖွဲ့သည် နိုဝင်ဘာ (၁၆) ရက်တွင် စစ်တွေမြို့ရှိ ကျေးရွာများနှင့် ကယ်ဆယ် ရေးစခန်းများသို့ သွားရောက်၍ လူမှုအသိုက်အ၀န်းနှစ်ခုမှ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
           


တင်ထွန်း (ခရိုင်၊ပြန်/ဆက်)

No comments:

Post a Comment