Tuesday, November 1, 2016

ဒလမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာမူလတန်းအဆင့် ပုံပြောပြိုင်ပွဲ ကျင်းပ


ဒလ နိုဝင်ဘာ ၁
ကျောင်းသား၊ ကျောင်းသူလေးများ၏ ကျောင်းနေပျော်၍ စာတော်စေရန်၊ စာပေဗဟုသုတများ ပြည့်စုံ ကြွယ်ဝစေရန်၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်စေရန်နှင့် လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့်  ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်၍ အခြေခံပညာမူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။




အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှနွယ်က တက်ရောက်လာကြသော အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား စာပေမြှင့်မှ လူမျိုးတင့်မည်၊ စာအုပ်စာပေ လူ့မိတ်ဆွေနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိပညာပေး အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ ဆရာကျော်ဦး (ဇလွန်)၊ မြို့မိမြို့ဖ ဦးတင်လှိုင် တို့မှ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။
ထို့်နောက် မူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြောပြိုင်ပွဲတွင် အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး “ဖိုးအေးနှင့် မိတ်ဆွေစာရေးကိရိယာလေးများ” ခေါင်းစဉ်ဖြင့် ဇာတ်လမ်းနှင့် သရုပ်ဖော်ကာ ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ နှင့် နှစ်သိမ့်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်လှလှနွယ် ၊ မြို့နယ်စာရေးဆရာအသင်း ဆရာနေမင်းချို နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုတံဆိပ်များ နှင့် စာရေးကိရိယာများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော မြို့နယ်စာရေးဆရာများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအား မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမတွင်  စာဖတ်ရှိန်မြင့်မားရေး သုတ၊ ရသ စာအုပ် စာစောင်များ ခင်းကျင်း ပြသခဲ့ပြီး၊ စာအုပ်စာစောင် အခမဲ့ငှားရမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment