Wednesday, October 5, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌နှင့် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. John Bercow တို့တွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ နှင့်  ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. John Bercow တို့သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေး၊ မြန်မာ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ/ဝန်ထမ်းများ၏ စွမ်းရည် မြှင့်‌တင်ရေး၊ လွှတ်တော်၏ ဥပဒေ ပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်‌ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်‌အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော် ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်‌အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick လည်း တက်ရောက်သည်။

No comments:

Post a Comment