Saturday, October 1, 2016

ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း IPU အထွေထွေ အတွင်းရေးမှူးချုပ်၊ စင်ကာပူပါလီမန် ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် IPU အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong အား ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး   လွှတ်တော်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေးနှင့် စပ်လျဉ်း ၍    ဆွေးနွေးကြသည်။

အလားတူ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် စင်ကာပူပါလီမန်ဥက္ကဋ္ဌ H.E. Mdm. Halimah Yacob နှင့်‌ အဖွဲ့အား နံနက် ၁၀ နာရီ တွင်   တွေ့ဆုံပြီး  လွှတ်တော်နှစ်ရပ်ကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်ချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့ပြင် မွန်းလွဲ ၂ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဌ H.E. Mr. Fahri Hamzah နှင့် အဖွဲ့အား   တွေ့ဆုံပြီး လွှတ်တော်နှစ်ရပ်ကြား ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း အပြန်အလှန် ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို   ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:

Post a Comment