Monday, October 24, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် International Finance Corporation (IFC)၏ အမှုဆောင် အရာရှိချုပ်နှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ နှင့် တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်အား International Finance Corporation (IFC)၏ အမှုဆောင် အရာရှိချုပ်နှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Mr. Philippe H.Le Houerou နှင့်အဖွဲ့သည် ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက် တွေ့ဆုံ သည်။


တွေ့ဆုံစဉ် IFC အဖွဲ့မှ မြန်မာနိုင်ငံ၏ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်မှု တို့တွင် အကူအညီပေးနေသည့် အခြေအနေနှင့် ပေးရန်ရှိသည့်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး ကိစ္စရပ် များ အပါအ၀င် မြန်မာနိုင်ငံ နှင့် IFC အဖွဲ့တို့ ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

No comments:

Post a Comment