Friday, October 28, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E. Park Geun-hye နှင့်‌ တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၂၈

ကိုရီးယားသမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အား ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E. Park Geun-hye က ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကိုရီးယားသမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံ အစိုးရနှင့်  လွှတ်တော်အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်‌ ပတ်သက်၍ ဆွေးနွေးကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် Samsung Innovation Museum သို့ ရောက်ရှိရာ တာဝန်ရှိသူများက လိုက်လံ   ရှင်းလင်းပြသကြသည်။

ယင်းနောက် မွန်းလွဲ ၃ နာရီခွဲတွင် စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်လျက်ရှိသော Gang Nam Resource Recovery Facility သို့ သွားရောက် လေ့လာကြသည်။ 


(သတင်းစဉ်)

No comments:

Post a Comment