၁။ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ချက်များ
အရဘင်္ဂလားပင် လယ်အော်အရှေ့ အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်မြန်မာ့ ကမ်းရိုးတန်း(မြစ်ဝ ကျွန်းပေါ်ဒေ သများ)
သို့နီးကပ်နေပါသဖြင့် အနီရောင်အဆင့် ဟုသတ်မှတ်ထားကြောင်း သိရှိရပါသည်။
၂။ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့်
မုန်တိုင်းသတိပေးချက် သိရှိချိန်မှ စ၍မုန်တိုင်း၏ အဆင့်ဆင့်ရွေ့လျား ပြောင်းလဲမှုအား
စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာ လျှက်ရှိပြီးလိုအပ် သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက်
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ (လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) သို့ညွှန်ကြား ထားရှိပြီးဖြစ်ပါသည်။ အမျိုးသားကော်မတီ၏
လမ်းညွှန်ချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ၀န်ကြီးဌာန အနေဖြင့်လည်း
အောက်ဖော်ပြပါ လုပ်ငန်းများအား ဆောင်ရွက် လျက်ရှိပါသည်-
(က) ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲ မှုဌာန အနေဖြင့် နိုင်ငံတကာ မိုးလေ၀သဆိုင်ရာ Website များမှရရှိသော
အချက် အလက်များနှင့် မိုးလေ၀သ၊ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအား စိစစ်လေ့လာသုံးသပ်၍
ပြည်သူလူထုဆောင်ရွက်ရန် များ အား ဦးစီးဌာန၏ Facebook Website ဖြစ်သော Relief and
Resettlement Department Myanmar ၌အချိန်နှင့်တြေပးညီထုတ်ြပန်အသိပေးခြင်း၊
(ခ) Mobile
Application ဖြစ်သော Disaster Alert Notifications (DAN) မှတဆင့်နောက်ဆုံး ရရှိသည့်
မိုးလေ၀သ သတင်းနှင့် အကြံပြုချက်များအား ထုတ်ပြန်ပေး ခြင်း၊
(ဂ) မုန်တိုင်းသတင်းအား
ရေဒီယို၊ ရုပ်မြင်သံကြားများမှ တဆင့်အဆက်မပြတ်ကြည့်ရှု နားထောင် စေရန် နှိုးဆော်ခြင်း၊
(ဃ) ကြိုတင်သတိပေးနှိုးဆော်မှု
ဆောင်ရွက်ရန်တပ်ဆင်ထားသည့် Single Side Band (SSB) VHF ရေဒီယိုစက်များ အသုံးပြု၍ ကမ်းရိုးတန်းဒေသများနှင့်
မုန်တိုင်းကျရောက် နိုင်သည့် ဒေသများသို့မပြတ် ဆက်သွယ်၍ သတင်းပေးညွှန်ကြားခြင်း၊
(င) မုန်တိုင်းအန္တရာယ်
ကျရောက်နိုင်ခြေရှိသည့် ကမ်းရိုးတန်းဒေသများနှင့် တိုင်းဒေသကြီး /ပြည်နယ် ဦးစီးမှူးရုံးများ အနေဖြင့်
မုန်တိုင်းအန္တရာယ်ကြိုတင်ပြင် ဆင်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ အရေးပေါ်ပါက ပြည်သူလူထုအား ဘေးကင်းရာသို့အချိန်နှင့် တြေပးညီရွှေ့ပြောင်း
နိုင်ရေး ညှိနှိုင်းပြင်ဆင်စေခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ
ရှိသိုလှောင်ရုံများတွင် အသင့်ထား ရှိပြီးဖြစ်သော စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ
အားလိုအပ်ပါက အချိန်နှင့် တပြေးညီဖြန့်ဝေနိုင်ရေး ပြင်ဆင်စေ ခြင်း၊
( စ ) ရပ်ကွက်/ကျေးရွာများရှိ ကြိုတင်သတ်မှတ်ပေးထားသော ဘေးဒဏ်ခံအဆောက်အဦများ၊
မုန်တိုင်း ဒဏ်ခံအဆောက်အ ဦများသို့ ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီများ၏စီမံမှုဖြင့်
ကြိုတင် ရွှေ့ပြောင်းမှုများဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ် စေခြင်း၊
(ဆ) မုန်တိုင်းဝင်ရောက်လာပါက
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်နှင့်တြေပးညီ ဆောင်ရွက် နိုင်ရန် တိုင်းဒေ သကြီး /ပြည်နယ်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးမှူးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့/
ခရိုင်/ မြို့နယ် အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများ နှင့်ညှိနှိုင်း ပေါင်းစပ် စေခြင်း၊
၃။ ပြည်သူလူထုအနေဖြင့်လည်း အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှု
လုပ်ငန်းများအားဆောင်ရွက်ထား သင့်ကြောင်း အကြံပြုလိုပါသည်-
(က) မိမိတို့နေအိမ်ပတ်ဝန်ကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့်
အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေး၍လိုအပ် သလိုပြင်ဆင်ထားခြင်း၊
(ခ) မိသားစုများအရေးပေါ် ပြောင်းရွှေ့နိုင်ရန်နေရာ၊
လမ်းကြောင်းများနှင့် မိသားစုဆုံရပ် (ဥပမာ -အသက် ကယ်ကုန်းမြင့်၊ရေလွတ်နိုင်မည့် နေရာများ၊အဆောက်အအုံများ)
သတ်မှတ် ထားခြင်း၊
(ဂ) ရေစိုပျက်စီးနိုင်သောပစ္စည်းများ
ကိုခြောက်သွေ့၍မြင့်သောနေရာတွင်ထားရှိခြင်း၊
(ဃ) အရေးပေါ်အသုံးပြုရန်စားနပ်ရိက္ခာနှင့်သောက်သုံးရေများကြိုတင်စုဆောင်းထားခြင်း၊
(င) အရေးကြီးစာရွက်စာတမ်းများ၊
အရေးပေါ်သုံးပစ္စည်းများ(ဥပမာ-ရေစိုခံမိုးကာ၊ လည်ရှည် ဖိနပ်၊ ခြုံစောင်နှင့် အ၀တ်စားများ၊
ဘက်ထရီအပြည့်ရှိသည့် ဖုန်းနှင့်ရေဒီယို၊ လက်နှိပ်ဓါတ်မီးနှင့် ဓါတ်ခဲအပိုများ၊ ရှေးဦးသူနာပြု
ပစ္စည်းများ)နှင့်အရေးပေါ်အသက် ကယ်ပစ္စည်းများ(ဥပမာ- အသက်ကယ် အင်္ကျီ၊ကားတာ ယာကျွတ်၊ ရေလုံပိတ်ရေပုံး
အလွတ်၊ ငှက်ပျောတုံး၊သစ်တုံး)တို့အား ကြိုတင်ပြင်ဆင်စုဆောင်းထားခြင်း၊
(စ) သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေငြာသောမိုးလေ၀သ
သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက် များကို လိုက်နာခြင်း၊ အခြားသူများကိုမျှေဝခြင်း၊
(ဆ) မုန်တိုင်းဖြတ်ကျော်မှု၊ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပါက
သက်ဆိုင်ရာ အစိုးရဌာန၏ ညွှန်ကြားချက်နှင့် အညီရွေးချယ်ထားသောဘေး လွတ်ရာနေရာသို့ပြောင်းရွှေ့ခိုလှုံခြင်း၊
(ဇ) မုန်တိုင်းဖြစ်ပေါ်ခဲ့ပါကမုန်တိုင်းဖြစ်ပြီးချိန်တွင်
မလိုအပ်ဘဲအပြင်ထွက်ခြင်း၊ ကမ်းခြေ၊ မြစ်ကမ်းနား၊ တောင်စောင်းများ သို့သွားရောက်မှုရှောင်ကြဉ်ခြင်း၊
(ဈ) မုန်တိုင်းဖြစ်ပေါ်ခဲ့ပါက မုန်တိုင်းဖြစ်ပြီးချိန်တွင်
သန့်ရှင်းသောသောက်သုံးရေ(သို့မဟုတ်) ကျိုချက်ထား သော ရေ(သို့မဟုတ်) ရေသန့်ဆေးခတ်ထားသော
ရေကိုသာ သောက်သုံးနိုင်ရေးပြင်ဆင်ထားခြင်း။
၎။ သို့ဖြစ်ပါ၍ပြည်သူလူထုအနေဖြင့်မုန်တိုင်း၏ဖြစ်ပေါ်ပြောင်းလဲမှုများအားစောင့်ကြည့်နား
ထောင်ပြီး အကြံပြုချက်များ လိုက် နာခြင်း၊ ကောလာဟလ သတင်းများအား မယုံကြည်ဘဲ သက်ဆိုင်ရာ
အစိုးရဌာနများသို့ ဆက်သွယ် အတည်ပြုချက်ရယူခြင်း၊ လိုအပ်ပါကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်
နေရာချထားရေး ၀န်ကြီးဌာန(၀၆၇-၄၀၄၆၆၆ /၄၀၄၇၇၇)သို့ ဆက်သွယ်၍ သတင်းမေးမြန်းခြင်း တို့
အားဆောင်ရွက် နိုင်ပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ
No comments:
Post a Comment