Tuesday, October 25, 2016

(၇၁)ကြိမ်မြောက် ကုလသမဂ္ဂနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ



နေပြည်တော် အောက်တိုဘာ ၂၅
            (၇၁)ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ပညာရေး ၀န်ကြီးဌာနအစီအစဉ်ဖြင့် ကျင်းပခဲ့ရာ မူလတန်း၌ "ကျွန်ုပ်သာကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဖြစ်လျှင်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်း၌ "ကုလသမဂ္ဂနှင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်း၌ "ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ"ခေါင်းစဉ်ဖြင့်လည်းကောင်း မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ  ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည်။

            ထိုသို့ ယှဉ်ပြိုင်ရာတွင်  အထက်တန်းအဆင့်၌ ပထမဆုကို မမြမိုးပွင့်၊ အဖ ဦးဇော်မင်းသိန်း၊ န၀မတန်း၊ အထက(၃) ပဲခူးတိုင်းဒေသကြီးမှ လည်းကောင်း၊ ဒုတိယဆုကို မအိမြတ်နိုးနွယ်၊ အဖ ဦးမင်းလွင်၊ န၀မတန်း၊ အထက (ချောင်းဆုံ) မွန်ပြည်နယ်မှ လည်းကောင်း၊ တတိယဆုကို မရွှန်းပပအောင်၊ အဖ ဦးဇော်လင်း၊ န၀မတန်း၊ အထက(ရပ်စောက်) ရှမ်းပြည်နယ်(တောင်)မှလည်းကောင်း၊ အလယ်တန်းအဆင့်၌ ပထမဆုကို မ၀င်းဝင်းမြတ်၊ အဖ ဦးရဲလွင်၊ အဋ္ဌမတန်း၊ အထက(၈) ဇမ္ဗူသီရိမြို့နယ် နေပြည်တော်မှလည်းကောင်း၊ ဒုတိယဆုကို မရွှေမှုန်သာ၊ အဖ ဦးကျော်သူဦး၊ အဋ္ဌမတန်း၊ အထက (က၀)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ လည်းကောင်း၊ တတိယဆုကို မဧကရီနေရည်လင်း၊ အဖ ဦးနေမျိုးလှိုင်၊ သတ္တမတန်း၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ မုံရွာပညာရေးကောလိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လည်းကောင်း၊    မူလတန်းအဆင့်၌ ပထမဆုကို မနေရဉ္ဇရာအောင်၊ အဖ ဦးဌေးဝင်း၊ စတုတ္ထတန်း၊ အထက(၅)ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မှလည်းကောင်း၊ ဒုတိယဆုကို မနှင်းမေရီအောင်၊ အဖ ဦးအောင်ဇော်လင်း၊ စတုတ္ထတန်း၊ အမက(၂၀)ဥမ္မာဒန္တီ၊ ပုသိမ်၊ ဧရာဝတီတိုင်းဒေသကြီးမှလည်းကောင်း၊ တတိယဆုကို မောင်ဇေယျာထွန်း၊ အဖ ဦးထွန်းဇော်ဦး၊ စတုတ္ထတန်း၊ အထက(ခွဲ) ကိုးပင်၊ ဆင်ပေါင်ဝဲ၊ မကွေးတိုင်းဒေသကြီးမှ လည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြသည်။
            အဆိုပါ ဆုရ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ချီးကျူးဂုဏ်ပြုလွှာ၊ ဆုငွေများနှင့် ကုလသမဂ္ဂ အထိမ်းအမှတ် ပစ္စည်းများကို ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးတို့ ပူးပေါင်း၍ပေးအပ်ခဲ့ကြောင်း၊ ကုလသမဂ္ဂနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
           
           

No comments:

Post a Comment