Tuesday, October 25, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်ဘဏ် ဥက္ကဋ္ဌတို့အား သီးခြားစီလက်ခံတွေ့ဆုံ





နေပြည်တော် အောက်တိုဘာ ၂၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace and Human Rights ဥက္ကဋ္ဌ Mr.Kjell Magne Bondevik ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင်
လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းအခြေစိုက် အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဘဏ် ဥက္ကဋ္ဌ Mr. Liqun JIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲ ၂ နာရီ တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace and Human Rights ၏ ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်သောကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်ဥက္ကဋ္ဌ Mr. Liqun JIN နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အာရှအခြေခံအဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်တို့အကြား ရေလမ်း၊ မီးရထားလမ်း၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပါအ၀င် မြန်မာနိုင်ငံ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။   (သတင်းစဉ်)


No comments:

Post a Comment