နေ ပြည် တော်- အောက်တိုဘာ
(၂၅)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ခေါင်း ဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ
မြေယာ၊
အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီး
H.E. Mr. Keiichi Ishii ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့မှ
(၂၁)ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။ ပြည်ထောင်စု
ဝန်ကြီး ဦးသန့်စင်မောင်သည် အောက်တိုဘာလ (၁၇) ရက်နေ့၌ ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အအုံ၊
ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ သွားရောက်၍ ဝန်ကြီး H.E. Mr.
Keiichi Ishii အား တွေ့ဆုံခဲ့ပြီး၊ မြန်မာ-ဂျပန် နှစ်နိုင်ငံပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု
များကို တိုးမြှင့်ဆောင်ရွက်ရန် နှစ်ဘက်တာဝန်ရှိသူများဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
ယင်းနောက် နှစ်နိုင်ငံ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာလွှာ
(Memorandum on Cooperation (MoC) in the fields of transport sectors between the
Ministry of Land, Infrastructure, Transport and Tourism of Japan and the
Ministry of Transport and Communications of Myanmar) အား လက်မှတ်ရေးထိုးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ပို့ဆောင်ရေးကဏ္ဍ
ရေရှည်နှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရေးကို ဆောင်ရွက်နိုင်ရန် ခရီးစဉ်အတွင်း
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရုံးချုပ်မှ
တာဝန်ရှိသူများကို တွေ့ဆုံခြင်း၊ အိုဆာကာနှင့် ကိုဘေးမြို့များသို့ သွား ရောက်၍ ဂျပန်နိုင်ငံ၏
ပို့ဆောင်ရေးကဏ္ဍ လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ပြီး၊ အောက်တိုဘာလ (၂၂)
ရက်နေ့ (၁၅း၄၀) နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်း ရရှိပါသည်။

No comments:
Post a Comment