Thursday, October 20, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ၀မ်းနည်းကြောင်း လက်မှတ်ရေးထိုး


နေပြည်တော် အောက်တိုဘာ ၁၉

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ် နတ်ရွာစံခြင်းအတွက် ၀မ်းနည်းကြောင်း စာအုပ်တွင် လက်မှတ် ရေးထိုးသည်။


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် သံရုံးဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး၊ စစ်သံမှူးများနှင့် တာဝန်ရှိသူများအား ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။


No comments:

Post a Comment